ဆရာကြီးဦးဌေးအောင်(ဒု-ညွှန်ကြားရေးမှူးချုပ်) မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အငြိမ်းစားယူသည့် (၁၉၈၆) ခုနှစ် မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့များတွင် ဗုဒ္ဓဒေသနာနှင့် ပတ်သက်သော ပို့ချချက်များကို ယောမင်းကြီးလမ်း၊ ဦးမောင်ကြီး(ရှမ်း) ၏ နေအိမ်တွင် ဓမ္မမိတ်ဆွေများအား စတင်ပို့ချခဲ့ပါသည်။
ထို့နောက် ဉီးမောင်ကြီး (ရှမ်း)၏ ယောက်ဖ တော်စပ်သူ အမှတ် (၅၂) ဦးဝိစာရလမ်းရှိ ဦးလှဖေ၏ နေအိမ်သို့ ပြောင်းရွေ့ပြီး ဆက်လက်ပို့ချခဲ့ပါသည်။ ဗုဒ္ဓဒေသနာများကို တနင်္ဂနွေနေ့တိုင်း ပို့ချခဲ့ရာ ဆရာကြီး ဦးဌေးအောင်နှင့် ဓမ္မမိတ်ဆွေများ တိုင်ပင်ဆွေးနွေးပြီး ဗုဒ္ဓဒေသနာနှင့်ဝိပဿနာပြန့်ပွားရေးအသင်းကို (၁၉၉၀) ခုနှစ် ၊ မေလ (၂၀) ရက်နေ့တွင် အမှတ် (၅၂) ဦးဝိစာရလမ်းရှိ ဦးလှဖေ၏ နေအိမ်တွင် အောက်ပါ ပုဂ္ဂိုလ်များနှင့် စတင်ဖွဲ့စည်းခဲ့ကြပါသည်။
(၁) ဆရာကြီး ဦးဌေးအောင် (အငြိမ်းစားဒုညွှန်ကြားရေးမှုးချုပ်၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တွဲဖက်ဌာနမှုး) နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ မန္တလေး။
(၂) ဦးထင်ကျော် – အငြိမ်းစား နိုင်ငံတော်ကောင်စီဝင်
(၃) ဦးတင်အေး (တောင်ကြီး) – အငြိမ်းစား နိုင်ငံတော်ကောင်စီဝင်
(၄) ဦးမောင်ကြီး (ရှမ်း) – ကုန်သည်ကြီး
(၅) ဦးအောင်(မြင်းခြံ) – ကုန်သည်ကြီး
(၆) ဦးမောင်မြ (အင်းလေး) – ကုန်သည်ကြီး
(၁) ဦးလှဖေ – ဥက္ကဋ္ဌ
(၂) ဦးမျိုးမြင့်ထွန်း – အတွင်းရေးမှုး
(၃) ဦးစက်ထို – ဘဏ္ဏာရေးမှုး
(၄) ဦးတင်အောင် – အဖွဲ့ဝင်
(၅) ဦးတင်အောင် (လှိုင်)- အဖွဲ့ဝင်
(၆) ဦးမောင်မြင့်- အဖွဲ့ဝင
(၇) ဦးတင်ညွှန့် – အဖွဲ့ဝင်
(၈) ဦးအုံးမောင် – အဖွဲ့ဝင်
(၉) ဦးအေးကြိုင် – အဖွဲ့ဝင် တို့ဖြင့် ဖွဲ့စည်းခဲ့ကြပါသည်။
ဆရာကြီးဦးဌေးအောင်သည် သင်တန်းတစ်ကြိမ်လျှင် ရက် (၂၀)၊ တစ်ရက်လျှင် (၁) နာရီနှင့် တစ်ပတ်လျှင် (၂) ရက်(စနေ၊တနင်္ဂနွေ)ပို့ချခဲ့ပါသည်။
စနေ၊တနင်္ဂနွေ နေ့ရက်များတွင် သင်တန်းပို့ချခြင်းမှာ အစိုးရဝန်ထမ်းများနှင့် ယောဂီအများတက်ရောက် သင်ယူနိုင်ရန် ရည်ရွယ်၍ ပို့ချခြင်းဖြစ်ပါသည်။ သင်တန်းတစ်ကြိမ်လျှင် (၃) လခန့်ကြာမြင့်ပါသည်။
ဆရာကြီးဦးဌေးအောင်သည် နှစ်စဥ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်ထိ မန္တလေးတွင် တစ်ကြိမ်၊ ဧပြီ၊ မေ၊ ဇွန်ထိ ရန်ကုန်တွင်တစ်ကြိမ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာထိ မန္တလေးတွင်တစ်ကြိမ်၊ အောက်တိုဘာ၊ နိုင်ဝင်ဘာ၊ ဒီဇင်ဘာထိ ရန်ကုန်တွင် တစ်ကြိမ်ဖြင့် မန္တလေးတွင် နှစ်ကြိမ်၊ ရန်ကုန်တွင် နှစ်ကြိမ်စီဖြင့် ဆက်တိုက်ပို့ချခဲ့ပါသည်။
ဗုဒ္ဓဒေသနာနှင့် ဝိပဿနာ သင်တန်းများကို နှစ်စဥ်ဆက်တိုက်ပို့ချခဲ့ရာ မန္တလေးမြို့တွင် (၃၂) ကြိမ်၊ ရန်ကုန်မြို့တွင် (၃၀)ကြိမ်ထိ ပို့ချခဲ့ပါသည်။ သင်တန်းတစ်ကြိမ်ပြီးတိုင်း (၉) ရက်တရား အလုပ်စခန်းတစ်ကြိမ် ကျင်းပခဲ့ပါသည်။ ဝါတွင်းအထူးတရားစခန်း၊ သင်္ကြန်တွင်း အထူးတရားစခန်းများကိုလဲ အခါအားလျော်စွာ ကျင်းပခဲ့ပါသည်။
ဆရာကြီးဦးဌေးအောင်သည် ဗုဒ္ဓဒေသနာနှင့် ပိပဿနာ သင်တန်းများကိုရန်ကုန်မြို့တွင် ဦးလှဖေ၏နေအိမ်၊ မင်္ဂလာဗျူဟာ အသင်း၊ YMBA အသင်း၊ မန္တလေးအသင်းတိုက်၊ MBA ပတ္တမြားဆောင်၊ သမိုင်းကောလိပ်၊ တက္ကသိုလ်များဓမ္မာရုံ၊ ဆရာဝန်များအသင်းတိုက် (ရန်ကုန်)၊ ဦးလှသွင်၏နေအိမ်၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး အဆောက်အဦး(IBC)၊ နေနတ်သားစာသင်တိုက်နှင့် ရှင်သာမဏေ ဓမ္မာရုံတို့၌ ပို့ချပေးခဲ့ပါသည်။ ရှင်သာမဏေ ဓမ္မာရုံ၌ အကြိမ်အများဆုံးပို့ချနိုင်ခဲ့ပါသည်။
ဆရာကြီးဦးဌေးအောင်သည် 2012 ခုနှစ်တွင် သာသနာထွန်းကားပြန့်ပွားရေးကို အရှိန်မပျက် ဆက်လက်ဆောက်ရွက်နိုင်ရန်အတွက် သိန်းတစ်ထောင်မတည်၍ ထေရဝါဒဗုဒ္ဓသာသနာနှင့် ဝိပဿနာ ပြန့်ပွားရေးအသင်းရန်ကုန်နှင့် မန္တလေးတို့ကို တစ်သင်းလျှင် သိန်းငါးရာစီ လှုဒါန်း၍ ဖွဲ့စည်းစေခဲ့ပါသည်။
ထေရဝါဒဗုဒ္ဓသာသနာနှင့် ဝိပဿနာ ပြန့်ပွားရေးအသင်း (ရန်ကုန်) စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအချိန်ထိအောက်ပါပုဂ္ဂိုလ်များက တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။
ဦးလှဖေ – ဥက္ကဋ္ဌ
ဦးမျိုးမြင့်ထွန်း – အတွင်းရေးမှုး
ဦးအောင်သိန်း – ဥက္ကဋ္ဌ
ဦးမျိုးမြင့်ထွန်း- အတွင်းရေးမှုး
ဦးကြည်လွင် – ဥက္ကဋ္ဌ
ဦးမျိုးမြင့်ထွန်း – အတွင်းရေးမှုး
ဦးအောင် (မြင်းခြံ) – ဥက္ကဋ္ဌ
ဦးမျိုးမြင့်ထွန်း – အတွင်းရေးမှုး
ဦးထွန်းလှ- ဥက္ကဋ္ဌ
ဦးအောင်မြတ် – ဒု ဥက္ကဋ္ဌ
ဦးဝင်းမောင် – ဒု ဥက္ကဋ္ဌ
ဦးမြတ်စိုး – အတွင်းရေးမှုး
ဦးဝင်းမောင် – ဥက္ကဋ္ဌ
ဦးအောင်မြတ် – ဒု ဥက္ကဋ္ဌ
ဦးအုံးတင် – အတွင်းရေးမှုး (၁)
ဦးသိန်းအောင် – အတွင်းရေးမှုး (၂)
နာယကကြီးများ
ဦးတင်လှ
ဦးဝင်းမောင်
ဦးအုန်းတင်
ဦးသိန်းအောင်
ဦးမျိုးညွှန့်
ဦးမြတ်စိုး
အမှုဆောင်အဖွဲ့
ဦးထွန်းသျှောင် – ဥက္ကဋ္ဌ
ဦးလှမြင့် – ဒု ဥက္ကဋ္ဌ
ဦးသန်းလင်း – အတွင်းရေးမှုး
ဒေါ်ရင်ရင်ထို – ငွေစာရင်းမှုး
ဦးရဲနိုင်ထွန်း – အဖွဲ့ဝင်
ဦးမိုးဇော် – အဖွဲ့ဝင်
ဒေါ် ဆွေဆွေ – အဖွဲ့ဝင်
ထေရဝါဒဗုဒ္ဓသာသနာနှင့် ဝိပဿနာ ပြန့်ပွားရေးအသင်း (ရန်ကုန်) သည် ဆရာကြီးဦးဌေးအောင် (မဟာသဒ္ဓဇောတိကဓဇ) ၏သင်တန်းတရားများကို အပတ်စဥ် စနေ့နေ့တိုင်း နံနက် (8:30) နာရီမှ (11:30) နာရီအထိ အာဇာနည်လမ်း၊ ကျေးလက်ဦးစီးဌာန ဓမ္မာရုံတွင်တရားနာယူခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ဆရာကြီးဦးဌေးအောင် (မဟာသဒ္ဓဇောတိကဓဇ) ၏ သင်တန်းပို့ချချက်တရားများကို ယောဂီအဟောင်းများ၊ ယောဂီအသစ်များ လာရောက်နာယူနိုင်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။]
ဆရာကြီးဦးဌေးအောင် (မဟာသဒ္ဓဇောတိကဓဇ)၏ တရားခွေ (ရုပ်သံ) (Video)၊ အသံဖိုင် (MP3) နှင့် စာအုပ်များအလိုရှိပါက
ဥက္ကဌ – 09 – 897 050 897
အတွင်းရေးမှုး – 09 – 897 050 896
သို့ဆက်သွယ်နိုင်ကြပါသည်။